မြားနီနည်းပညာဖြန့်ဖြူးပေးရေးအဖွဲ့နှင့် အတူ လေ့လာသင်ယူရန် ကြိုဆိုပါသည်။

ဘယ်လိုသင်ယူမလဲ၊ ဘယ်လိုတိုးတက်ပြောင်းလဲလာမလဲ?


ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်နည်းများကို အွန်လိုင်းမှ အခမဲ့သင်ယူပြီး အသိအမှတ်ပြုလက်မှတ်ရယူလိုက်ပါ။ သင်ခန်းစာများကို East-West Seed Knowledge Transfer Foundation and Wageningen University & Research နှင့် Koppert Foundation မှ ပညာရှင်များဖြင့် ရေးဆွဲထားပါသည်။

ကျွန်ုပ်တို့၏အစီစဉ်များကို ဝင်ရောက်လေ့လာပါ။


ဟင်းသီးဟင်းရွက်စတင်စိုက်ပျိုးထုတ်လုပ်သူ

ဟင်းသီးဟင်းရွက် စတင်စိုက်ပျိုးထုတ်လုပ်သူအဖြစ်အသိအမှတ်ပြုလက်မှတ်ရ အစီအစဉ်ကို သည် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ရာတွင် လိုအပ်သော အခြေခံအသိပညာများရရှိလိုသည့် စိတ်ဝင်စားသူတိုင်းအတွက် ရေးဆွဲထားပါသည်။


သီးနှံစိုက်ပျိုးထုတ်လုပ်မှုအကြံပေးသင်တန်းဆရာ

သီးနှံစိုက်ပျိုးထုတ်လုပ်မှုအကြံပေး သင်တန်းဆရာ လက်မှတ်ရအစီအစဉ်အား ဟင်းသီးဟင်းရွက်စိုက်ပျိုထုတ်လုပ်ရာတွင် နည်းပညာဗဟုသုတကို လေ့လာသင်ယူလိုသော ပြင်ပစီးပွားဖက် လုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းများနှင့် East -West Seed ဝန်ထမ်းများအတွက် ဒီဇိုင်းဆွဲ၍ ဖန်တီးထားပါသည်။


စိုက်ပျိုးစီးပွား

စိုက်ပျိုးစီးပွားဆိုင်ရာအသိအမှတ်ပြုလက်မှတ်ထုတ်ပေးသည့် အစီအစဉ်သည် စိုက်ပျိုးရေးသွင်းအားစုများရောင်းချသော အရောင်းကိုယ်စားလှယ်များ အတွက် ၎င်းတို့၏ ဖောက်သည်(သို့) စားသုံးသူများကို ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရာတွင် အကောင်းဆုံးနည်းပညာများကို ယုံကြည်မှုရှိရှိ အကြံဉာဏ်ပေးနိုင်ရန် ရည်ရွယ်၍ ဒီဇိုင်းပြုလုပ်ရေးဆွဲထားပါသည်။


အမေးအဖြေများ


  • မြားနီ နည်းပညာဖြန့်ဖြူးပေးသည့် ဖောင်ဒေးရှင်းဆိုတာ ဘာလဲ?
မြားနီနည်းပညာဖြန့်ဖြူးပေးရေးအဖွဲ့(EWS-KT) သည် မြားနီမျိုးစေ့ကုမ္ပဏီ(East-West Seed Group) နှင့် ထူးခြားသောချိတ်ဆက်မှုရှိသည့် အကျိုးအမြတ်မယူသော ဖောင်ဒေးရှင်းတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ရည်ရွယ်ချက်ပန်းတိုင်မှာ ဖွံ့ဖြိုးမှုနည်းသော အာရှနှင့် အာဖရိကရှိ လုပ်ကွက်ငယ်တောင်သူများ၏ အသက်မွေးဝမ်းကျောင်းမှုကို မြှင့်တင်ပေးရန်ဖြစ်သည်။
ဝင်ငွေတိုးတက်ကောင်းမွန်စေသော အခွင့်အလမ်းများဖန်တီးပေးခြင်းဖြင့် စိုက်ပျိုးသွင်းအားစုဈေးကွက်များ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် ဝင်ငွေနည်းစားသုံးသူများအတွက် ဈေးကွက်ထဲတွင် ဟင်းသီးဟင်းရွက်များ ပိုမိုရရှိလာစေရန်နှင့် အန္တရာယ်ကင်းစွာ စားသုံးနိုင်ရန်အတွက် ရည်ရွယ်ပါသည်။


  • နည်းပညာဖြန့်ဖြူးရေးအဖွဲ့နှင့်အတူ သင်ယူခြင်းဆိုတာဘာလဲ?
နည်းပညာဖြန့်ဖြူးပေးရေး အဖွဲ့နှင့်အတူ သင်ယူခြင်းဆိုသည်မှာ TalentMsနှင့် မြားနီနည်းပညာဖြန့်ဖြူးပေးရေးအဖွဲ့တို့ ပူးပေါင်းတည်ထောင်သော အခမဲ့ အွန်လိုင်းပလက်ဖောင်းတွင် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်မှုအတွက် စိတ်အားထက်သန်သူများနှင့်အတူ လေ့လာခြင်းဖြစ်ပါသည်။ ထိုသို့ လေ့လာရာတွင် စိတ်အားထက်သန်သူများ၊ ကျွမ်းကျင်သော ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများနှင့်ပူးပေါင်း၍ အွန်လိုင်းမှတစ်ဆင့်လေ့လာခြင်းများအပြင် မျက်မြင်ကွင်းဆင်းလေ့လာခြင်းများ၊ ဆွေးနွေးခြင်းများ၊ အကြံပြုချက်များကို လည်း ပေါင်းစပ် လေ့လာရန် ထောက်ပံ့ပေးထားပါသည်။


  • သင်တန်းများကိုဘယ်သူက ဒီဇိုင်းဆွဲခဲ့တာလဲ?
မြားနီမျိုးစေ့ကုမ္ပဏီ၏ နှစ်ပေါင်း (၄၀)ကျော်အတွင်း ရရှိခဲ့သော အသိပညာဗဟုသုတများကို အခြေခံ၍ Wageningen University & Research ၏ ကူညီထောက်ပံ့မှုဖြင့် မတူညီသော သင်တန်းသားများ၏ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေရန်ရန်အတွက် မြားနီနည်းပညာဖြန့်ဖြူးပေးရေးအဖွဲ့၏ နည်းပညာထောက်ပံ့ရေးဗဟိုအဖွဲ့ (Technical Support Hub) မှ ရေးဆွဲထားပါသည်။


  • ဤသင်တန်းများတွင်စာရင်းပေးသွင်းခြင်းနှင့်ပတ်သက်အခကြေးငွေများ ရှိပါသလား?
သင်ခန်းစာများအားလုံးသည် အခမဲ့ဖြစ်ပါသည်။ စာရင်းပေးသွင်းခြင်း (သို့မဟုတ်) အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်ထုတ်ပေးခြင်းတို့တွင်လည်း အခကြေးငွေ ပေးဆောင်ရန်မလိုပါ။


  • တစ်ချိန်တည်းတွင် သင်တန်းဘယ်နှစ်ခုကို စာရင်းပေးသွင်းလို့ရပါသလဲ?
တစ်ချိန်တည်းတွင် သင်တန်းတစ်ခုကိုသာစာရင်းပေးသွင်းနိုင်ပါသည်။


  • သင်တန်းတွင်ပြုလုပ်ရသည့် သင်တန်းစာများနှင့် မေးခွန်းများကို မည်ကဲ့သို့ အကဲဖြတ်ပါသလဲ?
အဖြေများကို ပရိုဂရမ်ထဲတွင် ကြိုတင်ထည့်သွင်းထားပြီး ပရိုဂရမ်မှ အလိုအလျှောက်စစ်ဆေးသော စနစ်ဖြစ်ပါသည်။


  • သင်တန်းပြီးဆုံးကြောင်းလက်မှတ်ကို ဘယ်လိုရယူမလဲ?
ရမှတ် ၈၀ ရာခိုင်နုန်ုး(သို့) ၈၀ ရာခိုင်နုန်းကျော်နှင့် သင်တန်းများကိုအောင်မြင့်စွာပြီးမြောက်ပါက လက်မှတ်အလိုအလျောက်ထုတ်ပေးပါလိမ့်မယ်။

  • အကြံပြုကမ်းလှမ်းထားသည့် အခမဲ့သင်တန်းက ဘာတွေလဲ?
လက်ရှိမှာတော့ မြားနီနည်းပညာဖြန့်ဖြူးရေးအဖွဲအစည်းမှ ဖော်ပြပါ သင်တန်း ၃ ခုကို အကြံပြုကမ်းလှမ်းထားပါသည် -
ဟင်းသီးဟင်းရွက်စတင်စိုက်ပျိုးထုတ်လုပ်သူ (VPB)
စိုက်ပျိုး-စီးပွား
သီးနှံစိုက်ပျိုးထုတ်လုပ်မှုအကြံပေးသင်တန်းဆရာ (CAT)



  • အခမဲ့အွန်လိုင်းသင်တန်းများကို စာရင်းပေးသွင်းပြီး လက်မှတ်ရယူရန် မည်သူများနှင့် သင့်တော်ပါသလဲ?
ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်ခြင်းနည်းစနစ်များကိုသင်ယူရန်စိတ်အားထက်သန်သူများနှင့် လုပ်ကွက်ငယ်ဟင်းသီးဟင်းရွက်စိုက်တောင်သူများအတွက်ဖြစ်ပြီး ၎င်းတို့၏ အထွက်နှုန်းနှင့် ဝင်ငွေများတိုးပွားလာစေရန် ရည်ရွယ်ဖွင့်လှစ်ထားပါသည်။